စစ်တွေတက္ကသိုလ်၏ နောက်ခံသမိုင်း


ပြည်ထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် (ဖဆပလအစိုးရလက်ထက်) ၁၉၅၄ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူ ဥပစာကောလိပ်(Kyaukpyu Intermediate College)သည်ရခိုင်ပြည်နယ်၏ အဆင့်မြင့်ပညာရေးကဏ္ဍအတွက် စတင်အုတ်မြစ်ချပေးခဲ့သော ကောလိပ်တစ်ခုဖြစ်ပေသည်။ သို့ရာတွင် ကျောင်းသားဦးရေနည်းပါးခြင်းကြောင့် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့တွင် ကျောက်ဖြူ ဥပစာကောလိပ်ကို ပိတ်ခဲ့ရသည်။ ထို့နောက် ရခိုင်ပြည်နယ်မှ ကျောင်းသား/ သူများသည် ရန်ကုန်နှင့် ပုသိမ်မြို့များသို့သွားရောက်ပြီး တက္ကသိုလ်ပညာကို သင်ကြားခဲ့ရပါသည်။ ရခိုင်ပြည်နယ်အတွင်း အဆင့်မြင့်ပညာသင်ယူနိုင်ရေးအတွက် တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် (၂)နှစ်သင် စစ်တွေကောလိပ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုစဉ်က အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံသာအောင်က ဒေသဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများရှေ့မှောက်တွင် စစ်တွေကောလိပ်ဖွင့်ပွဲကို အောင်မြင်စွာဖွင့်လှစ်ပေးခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ် ဦးစံသာအောင်မှာ စစ်တွေကောလိပ်ကို ကမကထပြု၍ဖွင့်လှစ်ထူထောင်ပေးခဲ့သူ ဖြစ်ပါသည်။ စစ်တွေကောလိပ်စဖွင့်သည်နှင့် ပထမဆုံးကျောင်းအုပ်ကြီးမှာ ဆရာကြီးဦးအောင်မြင့်ဖြစ်သည်။ ၁၉၇၇ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ၏ ကြီးကြပ်မှုဖြင့် စစ်တွေကောလိပ်မှ ရခိုင်ပြည်နယ်ဒေသကောလိပ်အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ရခိုင်ပြည်နယ်ဒေသကောလိပ်ကို စစ်တွေကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်ကို ဂုဏ်ပြုသောအားဖြင့် (၂)နှစ်သင်ကောလိပ်မှ (၄)နှစ်သင် စစ်တွေဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ခဲ့ပါသည်။ ထိုမှတဖန် ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စစ်တွေဒီဂရီကောလိပ်ကို စစ်တွေတက္ကသိုလ်အဆင့်သို့ ထပ်ဆင့် တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပါသည်။


(၂)နှစ်သင်စစ်တွေကောလိပ်မှသည် ယခုရခိုင်ပြည်နယ်ဂုဏ်ဆောင် စစ်တွေတက္ကသိုလ်အဖြစ်သို့ တိုးမြှင့်သည်အထိအစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော ဦးဆောင်အကြီးအကဲများ၏အမည်စာရင်းကို ဓါတ်ပုံနှင့်တကွ ဂုဏ်ပြုဖော်ပြအပ်ပါသည်။

  

  • ဦးစံသာအောင်

  • အထက်တန်းပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်

  • စစ်တွေကောလိပ်ကို ကမကထပြုလုပ်၍ ဖွင့်လှစ်ထူထောင်ပေးခဲ့သူ

  • ဦးအောင်မြင့်

  • ကျောင်းအုပ်ကြီး

  • စစ်တွေကောလိပ်

  • (၁၃-၈-၁၉၇၃ မှ ၁၉-၃-၁၉၈၆ ထိ)

  • ဒေါက်တာကျော်သိန်း

  • ကျောင်းအုပ်ကြီး

  • စစ်တွေဒီဂရီကောလိပ်

  • (၂၀-၃-၁၈၈၆ မှ ၁၀-၅-၁၉၉၀ ထိ)

  • ဦးကျော်မြသိန်း

  • ကျောင်းအုပ်ကြီး

  • စစ်တွေဒီဂရီကောလိပ်

  • (၁၁-၅-၁၉၉၀ မှ ၇-၇-၁၉၉၄ ထိ)

  • ဦးချို

  • ကျောင်းအုပ်ကြီး

  • စစ်တွေဒီဂရီကောလိပ်

  • (၈-၇-၁၉၉၄ မှ ၁၉-၉-၁၉၉၆ ထိ)

  • ဦးကျော်အေး

  • ပါမောက္ခချုပ်

  • စစ်တွေတက္ကသိုလ်

  • (၂၀-၉-၁၉၉၆ မှ ၂၇-၇-၂၀၀၁ ထိ)

  • ဦးစောကျော်မင်း

  • ဒုတိယပါမောက္ခချုပ်

  • စစ်တွေတက္ကသိုလ်

  • (၂၈-၇-၂၀၀၁ မှ ၂၆-၁၂-၂၀၀၁ ထိ)

  • ဦးဝမ်းတင်

  • ဒုတိယပါမောက္ခချုပ်

  • စစ်တွေတက္ကသိုလ်

  • (၂၆-၁၂-၂၀၀၁ မှ ၂၅-၃-၂၀၀၄ ထိ)

  • ပါမောက္ခချုပ်

  • (၂၅-၃-၂၀၀၄ မှ ၁၃-၁၂-၂၀၀၄)

  • ဦးဘရွှေ

  • ဒုတိယပါမောက္ခချုပ်

  • စစ်တွေတက္ကသိုလ်

  • (၂၆-၄-၂၀၀၄ မှ ၂၄-၇-၂၀၀၅ ထိ)

  • တာဝန်ခံပါမောက္ခချုပ်

  • (၂၅-၇-၂၀၀၅ မှ ၁-၇-၂၀၁၁ ထိ)

  • ဒေါက်တာတင်မောင်ထွန်း

  • ဒုတိယပါမောက္ခချုပ်(တာဝန်ခံပါမောက္ခချုပ်)

  • စစ်တွေတက္ကသိုလ်

  • (၁-၇-၂၀၁၁ မှ ၃၁-၇-၂၀၁၄ ထိ)

  • ပါမောက္ခချုပ်

  • (၁-၈-၂၀၁၄ မှ ၂၆-၁၀-၂၀၁၇ ထိ)

  • ဒေါက်တာဝင်းနိုင်

  • ဒုတိယပါမောက္ခချုပ်(ပါမောက္ခချုပ်တာဝန်)

  • စစ်တွေတက္ကသိုလ်

  • (၂၆-၁၀-၂၀၁၇ မှ ၃၁-၇-၂၀၁၄ ထိ)

  • ပါမောက္ခချုပ်

  • (၁-၈-၂၀၁၄ မှ ၂၆-၁၀-၂၀၁၇ ထိ)